Wednesday, 6 July 2011

"အရှင်ဇနကာဘိဝံသ၏သံဝေဂလင်္ကာ"

၁။  လူတို့နေရာ၊ ဤဌာနာ၊ တဏှာအုပ်စိုးသည်၊
၂။  တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်၊
 ၃။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား၊ မကယ်နိုင်ပြီ၊
၎။  ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်၊
၅။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကများလှပြီ၊

၆။ ခဏမဆဲ၊ အိုစမြဲ၊ ငါလဲသေဘက်နီးခဲ့ပြီ၊
၇။ ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြိုက်တော့မည်၊
၈။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်သည်၊
၉။ ဒါန၊ သီလ၊ ဘာဝနာ လမ်းသာထွင်လိမ့်မည်၊
၁၀။ မဂ္ဂင်ဖောင်ကြီး၊ အမြန်စီးခရီး၊ ထွက်တော့မည်၊

No comments:

Post a Comment